ထစမ်းး သွန်းဝတီ
ကိုကို ကိုကိုလားးးး
“ဘယ်လိုဖြစ်လို့စာသင်နေတာအိပ်နေတာလဲ
*ကိုကိုလား
ဒါက ငါတို့စာသင်ခန်းလား
ကိုကိုစာသင်တုန်းဆိုတော့ ဒါက၁၀တန်း *
*ငါက ၁၀တန်း *
လက်တွေဖြန့်ကြည့်တော့ ဝတ်ထားတာက
ကျောင်းယူနီဖောင်း *
*ဒါဆို ငါလေးက ပြန်ငယ်သွားတာလား
ခုငါလေးက *
“ယွန်းဝတီငါ့ဘာသာခဏခဏကျတာ
မင်းတစ်ယောက်ပဲ့ရှိတယ် ”
*ခုအချိန်ကမောက်ပြန်ဆုတ်သွားတယ်လား
ငါအတွက် အခွင့်အရေးရတာလား
အိမ်မက်လား*
“ပြောနေတာတောင် အဲ့လက်တွေက
အငြိမ်မနေသေးဘူး
လက်ဝါးဖြန့်စမ်း “
ကိုကို့အော်သံကြားမှ ဝတီ
အသိဝင်လာရသည်။
ကိုကို မပြောင်းလဲသေးဘူး
ဒေါသကြီးစိတ်တိုတုန်းပဲ့
ကိုကို့ကိုစိတ်မဆိုးစေချင်ဘူး ။
ပြောသည့်အတိုင်း လက်ဝါးနှစ်ဖက်လုံးကို
ဖြန့်ပေးတော့ ထုံးစံအတိုင်း ကြိမ်လုံးက
ကျလာသည်။
“ရပြီထိုင်တော့ “
” ကျေးဇူးတင်ပါတယ် ဆရာ “
“ဟင် ”
“ဟယ် ”
အတန်းထဲရှိလူများမှ
အံ့သြသံများထွက်လာသည်။
ဘုန်းမြတ်လည်း အံ့သြသွားရသည်။
ခါတိုင်း အရွဲ့တိုက်နေကျသူက
ဘာဖြစ်သွားပါလိမ့် ။
အရွဲ့တိုက်နည်းအဆန်းလား
တမင်လုပ်တယ်လို့မထင်ရသည့်ပုံစံမို့
“အင်းးးး
စာဆက်ကြည့်မယ် ”
ဝတီအတွေးတွင်မတော့
အပျော်တကာ့အပျော်။
အရင်လိုထပ်အဖြစ်မခံတော့ဘူး ။
ဒီတစ်ခါတော့ ငါသိအောင်လုပ်စရာတွေအများကြီးရှိတယ်
အသက်ပြန်ရှင်ခွင့်ရတာဟာ
ကျိန်းသေပေါက် အခွင့်အရေးကောင်းမို့
ကောင်းကောင်းအသုံးချပါ့မယ်
ကျေးဇူးတင်ပါတယ်
ဆုတောင်းတွေဖြည့်ပေးတဲ့ဘုရားသခင် . . .
ဆက်ရန်
