ချစ်ခြင်းဖြင့်တည်ဆောက်အံ့သော_ Part (6)

“မှောက်နေ ”

“ကိုကို ဝတီတောင်းပန်ပါတယ်”

အရိုက်ခံရသည့် ဒဏ်ရာများက နေ့တိုင်းဂရုတစိုက်
ဆေးထည့်ပေးသူကြောင့် မြန်မြန်ကောင်းလာခဲ့သည်။

“တောင်းပန်ဖို့မလိုဘူး ”

*အမ် ဘာကြီးလဲ *

“အန္တရာယ်မဖြစ်ဖို့ပဲ့လိုတာ ”

“ဝတီမှာ အန္တရာယ်မရှိပါဘူး ကိုကိုရ
ဝတီဂရုစိုက်ပါတယ် ”

“ကြိုမမြင်နိုင်ဘူးလေ ”

“မူမမှန်တာတစ်ခုခုဆိုကြိုပြော ”

“ဟုတ် ကိုကို ”

“စာတွေမရတာရှိသေးလား ”

“လောလောဆယ်တော့မရှိသေးဘူး ကိုကို ”

“ကျောင်းပိတ်ရက် အပြင်မလည်နဲ့ဦး ”

” ဟုတ် ”

” ကိစ္စလေးရှိလို့ အပြင်သွားမလို့
စားချင်တာရှိလား ”

* အယ် *

” Pizzer ”

” အင်းး ”

” ခိုးမထွက်နဲ့တော့ ရိုက်ချင်ဘူး ”

” ဟုတ် ကိုကို ”

” အင်းးး မဆိုးနဲ့ ”

ခေါင်းလေးပုတ်ကာထွက်သွားသည့် ကိုကိုက
ဝတီကိုကလေးလိုသဘောထားနေတာပဲ့ ။

ဝတီတစ်ယောက်တည်းရှိတုန်း လိုင်းပေါ်တက်ကာ
မင်းမင်းအကောင့်မှတစ်ဆင့် နေခေတ် တို့ တစ်သိုက်
အကောင့်ထဲဝင်စစ်လိုက်သည်။

တခြားသူများအကောင့်တော့ မထူးခြား ။
ထူးခြားနေသည့် တစ်ဦးတည်းသောသူက နေခေတ်။

နေခေတ်အဖိုးက မွေးမြူရေးလုပ်ငန်းကြီးများစွာ
လုပ်ကိုင်သူဖြစ်သည်။

အကောင့်ထဲတွင်တော့
တစ်ယောက်ယောက်ကို နာကြည်းသည့်အတွေးတွေ
လက်စားချေလိုသည့်အတွေးကို တင်ထားသည့်
စာများပုံများမှတွေ့ရသည်။

တစ်ယောက်ယောက်ကို လက်စားခြေချင်နေတယ် ။
အဲ့လူက ငါဖြစ်တယ်။

ငါဘာအမှားလုပ်မိလို့လဲ။
သူနဲ့သိတာ မနေ့ကလေ ။

နေဦး အဲ့ညက
” နင့်အမေကိုဘာလို့မမေးတာလဲ ”အဲ့လိုပြောခဲ့တယ်။

ငါ့မှာ အမေမှမရှိတာကို ဘာလို့အဲ့လိုပြောတာလဲ ။

ဝတီအသက်၅နှစ်လောက်တုန်းကကားတိုက်မှုဖြစ်ပြီး
ဝတီငယ်ငယ်ကအကြောင်းတွေမမှတ်မိတော့။

ကိုကိုကရော ဘာလို့ငါနဲ့အတူနေတာလဲ။
ကိုကိုမိဘတွေက နိုင်ငံခြားမှာဆို ။

အိုက်ယားးးး မူးထှာ ။

“မနက်ဖြန်အတွက် အိမ်စာလုပ်ဦးမှ အိမ်စာမပြီးရင်
ကိုကိုက ညာမှာမဟုတ်ဘူး”

“စာအုပ်က ကိုကိုအခန်းမှာကျန်ခဲ့ပြီပဲ့
ဟိုမှာပဲ့စာသွားလုပ်လိုက်တော့မယ် ”

“ကလေး နိုးပြီလား
ဘယ်လိုနေသေးလဲ နာနေသေးလား ”

“သိပ်မနာတော့ဘူး တီမွေး”

“ကိုကိုဆေးလူးထားပေးတယ်”

“အင်းး သမီးကိုကိုက အမြဲအဲ့လိုပဲ့
သူပဲ့ရိုက်ပြီးသူပဲ့ဆေးပြန်လူးပေးနေတာ
သမီးကိုကိုက သမီးကိုဂရုစိုက်ပါတယ် ”

“တီမွေးးးး ”

“အမယ့်လေးနော် ဘာပြောမလို့ချွဲနေတာလဲ ”

“အရင်က ကိုကိုရိုက်ပြီး ညဆို
တီမွေးဆေးလူးပေးတာမဟုတ်ဘူးလား ”

“ဘယ်ဟုတ်မလဲ သမီးရယ်
တီမွေးဆေးလူးပေးမလို့လာတိုင်း
ကျွန်တော့ကိုပေး ကျွန်တော်လုပ်ပေးမယ် ဆိုပြီး
ဆေးတွေလာယူသွားတာချည်းပဲ့ ”

“သမီးလေးကိုစိတ်ပူလို့သာ ရိုက်ရှာတာ
သူ့ခမျှာသမီးလေးနာနေမှာစိုးပြီးရေခဲတွေပါ
ကပ်ပေးသေးတာ ”

“အမြဲ ဝတီအိပ်ပျော်သွားတိုင်းဆေးလာလူးပေးတာ
ကိုကိုပေါ့နော် ”

အင်းးပေါ့ ဘယ်သူရှိရဦးမှာလဲကွယ် ”

“ဒါနဲ့ ညက သမီးလေးတိုးရော တီမွေးရော
အတော်စိတ်ပူနေတာ သမီးကိုကိုအရင်လို
အရမ်းရိုက်မယ်ထင်နေတာ
သမီးက ငြိမ်ခံတော့ သိပ်မရိုက်တော့ဘူး မလား ”

“နောက်ဆို သမီးကိုကိုဘာပြောပြော
ပြန်ခံမပြောနဲ့နော် သူ့စကားနားထောင်
အဲ့လိုဆိုရိုက်တော့မှာမဟုတ်ဘူး
ခါတိုင်းသမီးက ပြန်ပြန်အော်တော့
သမီးကိုကိုကပိုစိတ်ဆိုးတာပေါ့ကွယ် ”

“ဟုတ် တီမွေး
သမီး အိမ်စာသွားလုပ်မလို့
ကိုကိုအခန်းထဲမှာပဲ့လုပ်တော့မယ် ”

“ဘာစားချင်လဲ သမီး ”

“မစားချင်ဘူး တီမွေး
စာပဲ့လုပ်တော့မယ် နော် ”

” ဒါဖြင့် ​​နေ့လည်စာသမီးကြိုက်တဲ့နံရိုးချဥ်စပ်လေး
လုပ်ထားပေးမယ် ”

” ဟုတ် တီမွေး ဟိဟိ ကြိုက်တယ် မွမွ”

“ဟဲ့ ဟဲ့ ဒီကလေး ဟားးးးဟားးး”

ကိုကို့အခန်းက ရှင်းလင်းနေရော
ရှုပ်ပွနေတာဆိုလို့ ဝတီစာကြည့်တဲ့နေရာတစ်ခုပဲ့ ။
ရှင်းရှင်းလင်းလင်းလေးလုပ်မှပါ
တော်ကြာ မိန်းကလေးဖြစ်ပြီးညစ်ပတ်တယ်ဆိုပြီး
ကြက်မွေးစာမိနေမယ် ”

ဝတီစာအုပ်တွေ ရှင်းလင်းရင်းစာအုပ်စင်လေးကိုပါ
သန့်ရှင်းရေးလုပ်ပေးလိုက်သည်။
စာအုပ်စင်အပေါ်ဆုံးထပ်မှ တစ်အုပ်တည်းသောစာအုပ်ကိုသတိထားမိသွားရသည်။

ဘာလို့တခြားစာအုပ်တွေနဲ့အတူမထားတာလဲ။
မေ့ပြီးတင်ထားတာနဲ့မဖတ်ဖြစ်ပဲနေဦးမယ် ။
အောက်ထပ်မှာအတူထားပေးလိုက်မယ်။

ဒုန်းးးး အ

သမီး ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား
ပြေတယ် တီမွေး စာအုပ်စင်သန့်ရှင်းရေးလုပ်ရင်း
ခြေထောက်ချော်သွားလို့ ဘာမှမဖြစ်တော့ဘူး တီမွေး

ဝတီဒူးနာသွားသည်ကိုသတိမထား
စာအုပ်ထဲမှထွက်လာသည့်ဓာတ်ပုံများကိုသာ
လိုက်ကောက်ဖမ်းနေရသည်။

“ဒါက ဒါက ဒီပုံတွေက”

“ဒါဆို ဒီစာအုပ်က ”

“ဒါက ကိုကို့ဒိုင်ယာယီကြီးပဲ့ ”

“ဒါဆို ဒီပုံတွေက ဘာလို့ရှိနေရတာလဲ ”

ဆက်ရန်

Published by Cupid's Crystal & Alex

We are the creators for spanking stories. For more spanking stories in Myanmar, you (our audiences) are the energy for us. Please follow our page and website for your paradise of the dark side.

Leave a comment

Design a site like this with WordPress.com
Get started