
ကလေးပျောက်မှုများကြောင့် ရဲဌာနများ
အလုပ်ရှုပ်ရသောကာလ ။
စုံစမ်းမှုများ အဆက်မပြတ်ပြုလုပ်ခဲ့ပေမယ့်
ခြေရာကောက်လို့မရ။
သဲလွန်စတွေတွေ့ရပေမယ့် အစနမကျန်
အဖျောက်ခံရတာတွေဖြစ်လာခဲ့တဲ့အချိန်။
ဒီအမှုလိုက်နေတဲ့အဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့
ဒုက္ခရောက်ရတာတွေ အဖြစ်မှန်ပေါ်ခါနီးတိုင်း
အဖွဲ့တစ်ခုလုံးအပြစ်ဒဏ်ပေးခံရတာတွေက
ဘယ်သူမှတွန်းလှန်လို့မရနိုင်တဲ့အဖြစ်တွေ။
အထူးတပ်ဖွဲ့မှရဲအုပ် မျိုးမောင်မောင်
မှုခင်းရဲတပ်ဖွဲ့မှရဲအုပ် နှင်းဝတီထက် တို့မှ
နိုင်ငံအနှံဆိုးဝါးစွာခြိမ်းခြောက်နေမှုကြီးကို
အောင်မြင်စွာဖော်ထုတ်နိုင်ခဲ့သည်။
ဆိုးဝါးလှသောရက်စက်မှုများဖြင့်
မသမာစီးပွားရှာသူများက ဂုဏ်သရေရှိ
လူကြီးမင်းအပေါင်းနှင့် အဖွဲ့အစည်းအသီးသီးမှ
ခေါင်းဆောင်များဖြစ်နေကြသည့်အခါ
ပါဝင်သည့်သူအသီးသီးကို
ခိုင်လုံသောသက်သေများနှင့်တကွ
ထိုက်တန်သောအပြစ်ဒဏ်များပေးနိုင်ခဲ့ပါသည်။
ကလေးများ၏ကိုယ်တွင်းကလီဇာများကို
ရောင်းဝယ်မှု
နေကမ္ဘာ ဖောင်ဒေးရှင်းကြီး၏ မိဘမဲ့ဂေဟာများမှ
စာရင်းမဝင်ကလေးရာနှင့်ချီသောအလောင်းများကို
စက်ထဲထည့်ကြိတ်ကာစိုက်ခင်းအတွင်း
မြေသြဇာအဖြစ်ပြောင်းလဲထားမှု
ကလေးသူငယ်များကို လိင်ကျွန်များအဖြစ်ပြောင်းလဲကာတရားမဝင်ရောင်းစားမှု
ဘာသာရေးအဖွဲ့အစည်းများမှ ကလေးငယ်များအား
ညှင်းပန်းအပြစ်ပေးမှုများ
အမှုတန်းများစွာက ပြည်သူများကို
ရင့်နာစေခဲ့ပြီး နိုင်ငံတွင်းတရားစီရင်မှုများကို
ခြိမ်းခြောက်လာခဲ့သည်။
နိုင်ငံအဆင့်ဂုဏ်ပြုမှုများက်ုပါ ရရှိခဲ့သော
ရဲဝန်ထမ်းစုံတွဲလေးတွင် ရင်နှင့်သည်းချာ
သမီးလေးတစ်ယောက်ရှိခဲ့ပါသည်။
“ဟားးး နှင်းရေ တို့လာတယ်ဟေ့ ”
“ဟာ မမ နှင်းတို့ဆီ မလာစဖူး
ဒီမြို့ကိုအလည်လာကြတာလား ”
“ဟုတ်တယ် နှင်းရေ
သားလေးကိုဒီမှာကျောင်းထားတော့မလို့
နှင်းတို့တိုက်ဘေးကတိုက်ကို မမတို့ပြောင်းလာကြတာ”
“ကောင်းတာပေါ့ မမရယ်
နှင်းတို့လဲ အဖော်ရတာပေါ့ ”
“နှုတ်ဆက်လိုက်သမီး ဒါ သမီးရဲ့ကိုကို
ကိုကိုဘုန်းမြတ်တဲ့ ”
“ကိုကိုဘုန်းမြတ် မဂ်လာပါ
ဝတီက ယွန်းဝတီပါ ”
“ဝတီလေးကချစ်ဖို့ကောင်းလိုက်တာ
အသက်ဘယ်နှစ်နှစ်ရှိပြီလဲ ”
“ဝတီက၄နှစ်ပြည့်ပါပြီအန်တီရှင့် ”
“ကိုကိုနဲ့သွားဆော့နော်
ဘုန်းမြတ်ရေ သားညီမလေးကိုခေါ်သွားနော် ”
“အင်းးးး”
“ကိုကိုက ပြုံးလည်းမပြုံးဘူး
ပြုံးနေရင်ချစ်စရာကောင်းတယ်တဲ့
ကိုကိုပြုံးကြည့်ပါလား ”
“အင်းးးး”
“ကိုကို လှတယ် ”
“အာ လှတယ်လို့မပြောရဘူး
ကိုကိုကယောကျ်ားလေး ”
“ကိုကိုချစ်တယ် ”
“ဟားးးးဟားး အလည်လေး ”
“ဟီးး ကိုကိုရယ်သွားပြီ ”
“ကိုကို ဝတီတို့အိမ်ဆောက်မယ်လေ
ဝတီမှာမဆောက်ရသေးတဲ့အသစ်တွေ
အများကြီးရှိတယ် ကိုကိုကူပေးနော် ”
အိမ်ဆည်းလည်းလေး ယွန်းဝတီသည်
အရွယ်နှင့်မလိုက်အောင်သွက်လက်ထူးချွန်သည့်
အားလုံး၏အချစ်တော်လေး၏
အသက်၅နှစ်မွေးနေ့ပွဲသည်
ထိတ်လန့်တုန်လှုပ်ဖွယ်ရာများနှင့်
ပြည့်နှက်သွားခဲ့ရပါသည်။
“ဝတီရေ အဝတ်အစားလဲလို့ပြီးပြီလား
သမီးကိုကိုတို့ရောက်နေပြီ ”
“မေမေ သမီးလှလား ”
“အင်း လှတယ် မေ့မေ့သမီးက အရမ်းချစ်ဖို့ကောင်းတာ”
“ဆံပင်လေးကရော ဘယ်လိုနေလဲဟင် ”
“လှတယ် ”
“ဖိနပ်လေးကရော ”
“လှတယ် ”
“အကျီလေးကရော”
” လှတယ် ”
“မေ့သမီးလေးက ဘာလို့အဲ့လောက်လှချင်နေတာတုန်း ”
ကိုကိုသဘောကျမှာပါနော်
“အာ သမီးကိုကိုက သဘောကျမှာပါ
သမီးက အရမ်းချစ်ဖို့ကောင်းတာကို ”
“ကိုကိုက ဝတီဘယ်လိုနေနေချစ်တယ် ”
“အားးးးးးးးးး ကိုကို ချောင်းပြီးနားထောင်နေတာလား
ကိုကိုမကောင်းဘူး”
“ဟားးး တို့ဝတီလေးက သူ့ကိုကို ကို အများကြီးသဘောကျနေတာပဲ့ ”
“မကျဘူး မကျဘူး”
“ဝတီရေ တို့သွားနှင့်မယ် ”
“သား က ညီမလေးနဲ့အတူလိုက်ခဲ့တော့ ”
“ဟုတ်ကဲ့ မေမေ ”
“မသွားဘူး မသွားဘူးနော်
ကိုကိုနဲ့မသွားဘူး ”
“သားရေ ဝတီလေးက သားကိုမခေါ်ချင်ဘူးတဲ့
အိမ်မှာကျန်ခဲ့လိုက်တော့”
“ဟုတ်ကဲ့ မေမေ ”
“အားးးးမရဘူးး မရဘူးးး
ကိုကို့ကို မထားခဲ့ဘူး အတူသွားမှာ မရဘူးနော် ”
“ဟုတ်ပါပြီ ဝတီလေးရဲ့ကိုကိုက အတူသွားမှာ ”
ကိုကို ဝတီကို လက်ဆောင်ဘာပေးမှာလဲ
“အယ် အဲ့လိုအတင်းတောင်းရလား ”
“ကိုကိုပေးတာ
ဝတီသိချင်နေပါပြီနော် ”
*အားးးးး အဲ့Poppy Eyes နဲ့ လူလည်မကျနဲ့
အသဲယားလိုက်တာ*
“ဒီမှာ ကိုကိုပေးတာ ဆွဲကြိုးလေးလား ”
“အင်းးး ဒီထဲမှာ ကလေးဓာတ်ပုံနဲ့
ကိုကိုဓာတ်ပုံလေးပါတယ် ”
“ဟီးး ကြိုက်တယ် ကိုကို မွမွ ”
“အားးးးးချစ်ရေ ကိုယ်တို့သမီးကတော့
သူ့ကိုကို ကို ကိုယ်တို့ထက်ပိုချစ်သွားပြီပဲ့”
“အာ ဖေနဲ့မေ ကိုလဲ ချစ်ဆုံးပါနော်”
ဒုန်းးးးးးအားးးးး အားးးးး
“ဝတီ သမီးလေးးး ”
လူရှင်းသောနေရာလေးတစ်ခုတွင်
ကားတစ်စီးမှ တမင်ဝင်တိုက်ကာ
နောက်တစ်စီးမှဝတီကိုလာဆွဲခေါ်ခြင်းး။
“အားးးးဝတီ ”
“ကိုကို”
“ဖယ်စမ်း ဖြန်းးးးး”
“ကိုကို့ကို မလုပ်နဲ့ ”
“သမီးးး”
“ဝတီ ”
“အာ ငါ့လာကိုက်နေတယ် ဖယ်စမ်း ”
“လွတ်စမ်း မထိနဲ့ ”
“ကိုကို ”
“ဝတီ ”
“ဖယ်စမ်း ”
“ဒီကောင်ကိုပါခေါ်ခဲ့ကွာ ”
“ကိုကို ဝတီကြောက်တယ် ”
“ခင်ဗျားတို့ ဘယ်သူတွေလဲ
ဘာလို့ဝတီကိုလာဖမ်းတာလဲ ”
“တို့ကိုဖမ်းဖို့ပဲ့ခိုင်းလိုက်တာ
ကျန်တာမသိဘူး ”
“အသားမနာချင် လိမ်လိမ်မာမာလိုက်ခဲ့
ထွက်ပြေးဖို့မစဥ်းစားနဲ့
ဒီမှာတွေ့လား သေနတ် ”
“ကိုကို အီးးးးးဟီးးးးဟီးးးး
ဝတီ ကြောက်တယ် ”
“ကျက်သရေတုံးလိုက်တာ
အသံပြဲနဲ့မအော်နေစမ်းနဲ့
ပါးစပ်ပိတ်ထားစမ်း”
“ဝတီ မကြောက်နဲ့ ကိုကိုရှိတယ်
ဝတီဘာမှမဖြစ်စေရဘူး ”
ဆင်းစမ်းးး အထဲမှာ မင်းတို့နဲ့တွေ့ဖို့စောင့်နေတယ်
ဟားးးးးးဟားးးးး နောက်ဆုံးတော့
ငါ့လက်ထဲရောက်လာပြီ
“ဟိုအကောင်နဲ့ကောင်မကို ကလဲ့စားချေဖို့
မစောင့်နိုင်တော့ဘူး ”
“အီးးးးး ကိုကို ”
“ချစ်စရာလေးပါလား နှမြောတောင်နှမြောတယ်
မင်းအဖေနဲ့အမေကိုပဲ့ အပြစ်တင်လိုက်တော့ ”
“လူဆိုးကြီး မေမေတို့က လူကောင်း ”
“ခင်ဗျားတို့ဘာလုပ်ချင်တာလဲ ”
“ကိုယ့်လမ်းလာရှုပ်တဲ့အကောင်တွေကို
ပညာပေးချင်ရုံပါ ငါဒီနေ့စိတ်ကောင်းဝင်နေတယ်
မဆိုင်တဲ့သူတွေမထိချင်ဘူး အဲ့တော့ မင်းဖယ်နေ ”
“မဖယ်နိုင်ဘူး ဝတီကိုမထိနဲ့ ”
“ဖယ်စမ်း ”
“မဖယ်ဘူး ”
ဝတီကိုနံရံဒေါင့်ပို့ကာ ရှေ့မှကာထားသည့် ဘုန်းမြတ် ။
“တောက် ဒီလောက်ဖြစ်ရတာ ”
“ပေးစမ်း ”
ရှမြးးးးးးးး အ
ဝတီလေးကိုထိခိုက်မှာစိုးပြီး
ရင်ခွင်ထဲထည့်ကာဒူးထောက်လျက်
နံရံကိုကျောခိုင်းနေလိုက်တော့
ကြာပွတ်ဒဏ်တွေက ဘုန်းမြတ်ကျောထက်ဆီ ။
“သေစမ်း”
ရှမြးးးးးးးးးအ
ကဲကွာ
ရှမြးးးးးးးးးး
“ကိုကို ”
“ကိုကို့ကိုမရိုက်ပါနဲ့ ကိုကို့ကိုမလုပ်ကြပါနဲ့ ”
ရှမျးးးးး
ရှမြးးးးးးးးး
ရှမြးးးးးးး
“ဝတီ ကိုကိုဘာမှမဖြစ်ဘူး
ဝတီ့ကိုဘာမှမဖြစ်စေရဘူး နော် မငိုနဲ့”
ရွမ်းးးးး အင့်
ကြာပွတ်အချက်ပေါင်းများစွာက
ဘုန်းမြတ်ကျောပေါ်ရောက်လာသည်။
နာလှပေမယ့် အော်သံကြောင့် ဝတီငိုရမှာစိုးလို့
အသံမထွက်ရဲတော့ ။
ရွမ်းးးးး အင့်
ရှမျးးးးး
အီးးးးး ကိုကို
“ကိုကို့ကိုမလုပ်ပါနဲ့ ”
“အီးးးးး ဝတီ့ကိုကို ကိုမထိနဲ့ ”
အားးးးး
“ဝတီ မငိုနဲ့ ကိုကိုဘာမှမဖြစ်ဘူး”
“ကိုကို့ကိုမရိုက်နဲ့တော့ အီးးးးးးး”
“ဝတီကိုကို့ကိုမရိုက်ကြပါနဲ့တော့” အီးးးးဟီးးးးဟီးးး
ရင်ခွင်ထဲထည့်ထားသည့်ဝတီက
သူ့ကြောင့်ဘုန်းမြတ်အရိုက်ခံနေရသည်ကို
သိပြီးအတင်းရုန်းကန်ကာထွက်ပြေးဖို့လုပ်သည်။
“ကိုကို
ရှမြးးးးးး အ
“ဝတီ ကိုကိုဘာမဖြစ်ဘူးနော် ”
ရှမြးးးးးးအ
ရှမျးးးး အ
နာကျင်လှ၍ မနည်းသည်းခံထားရတဲ့ ဘုန်းမြတ်
ကိုယ့်ထက် ဝတီကိုရိုက်မိသွားမှာစိုးလှသည်။
အားးးးး
“ဝတီ ဝတီ ”
အတင်းရုန်းကာ ထွက်ပြေးပြီး
ဘုန်းမြတ်ရှေ့ကာရပ်ထားလိုက်တဲ့ဝတီ။
“အီးးးးး ကိုကို့ကို မရိုက်ပါနဲ့တော့
ဝတီကိုရိုက် ”
“ကိုကိုကိုမရိုကျနဲ့ အီးးးးး မရိုကျရဘူး ”
“သမီးကိုကို ကို မလုပ်ပါနဲ့
သမီးတောင်းပန်ပါတယ် ”
“သမီးကို လိုချင်တယ် မလား
သမီးလာခဲ့မယ် ကိုကို့ကိုလွတ်ပေးပါ ”
“ကိုကိုကိုမလုပပြါနဲ့ အီးးးးးဟီးးးးးး”
“ဟားးးးဟားးးး လိမမြာတယြ
လာခဲ့ သမီးကိုကို ကို ဘာမှမလုပ်တော့ဘူး ”
” တကယ်နော် ”
“ဝတီ မလုပ်ရဘူး ပြန်လာခဲ့
မသွားရဘူး ကိုကိုပြောတာနားထောင် ”
“ဝတီ ”
“ဝတီ မသွားရဘူး
ကိုကိုပြောနေတယ် ”
“ဝတီ စကားနားမထောင်ရင်
ကိုကိုစိတ်ဆိုးမှာနော် ”
“ဝတီ ကိုကိုမချစ်တော့ဘူးနော် ”
“ကိုကို ဝတီက ချစ်တယ်နော် “
အသံပုံလေး လုပ်ပြကာ
ဟိုလူကြီးလက်ကိုဆွဲကာလိုက်သွားတဲ့ဝတီ။
“ဝတီ မလုပ်ရဘူး ”
“ကိုကို့ဆီပြန်ခဲ့ ”
“ဝတီ မသွားရဘူး ”
“ဝတီ မလိုက်သွားပါနဲ့ ”
ဆက်ရန်
