ချစ်သူသက်တမ်း၁နှစ်ကျော် တက္ကသိုလ်ဒုတိယနှစ်တွင် မောင်နှင့်ခိုးရာလိုက်ခဲ့မိသည်။ ချမ်းသာတဲ့အဒေါ်တွေအိမ်ကပ်နေရတဲ့ မိဘမဲ့ကျောင်းသူတစ်ယောက်အတွက် ထင်သလောက်မလွယ်ကူခဲ့ပါဘူး။ မျက်နှာတစ်ခုကလွဲပြီး ဘာတစ်ခုမှကောင်းတာမရှိဘူးလို့ ပြောနေကျအဒေါ်တွေကြောင့် ကိုယ့်ကိုယ့်ကိုအားငယ်မိတာအမှန်။ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နှင့် ဘဝကိုရုန်းကန်ပေမယ့် ရိတသဲ့သဲ့လုပ်လာတဲ့အဒေါ်သား ကြောင့် ငြိမ်းစိတ်ဆင်းရဲလာပါပြီ။ အဒေါ်လုပ်တဲ့သူကိုတိုင်ပေမယ့် နင်အနေအထိုင်မတတ်လို့ နင်ကိုကမြူဆွယ်ပြနေတာ အစချီ၍ ပစ်ပစ်ခါခါပြောခြင်းခံရရုံကလွဲပြီး အရာမထင်။ ရေချိုးနေသည်ကို ဆွဲလားယမ်းလားလုပ်နေသည့် အဒေါ့်သားကို အုတ်ခဲနှင့်ရိုက်ခဲ့မိပြီ။ ငြိမ်းမောင့်နှင့်အတူ အဝေးတစ်နေရာကို ထွက်သွားချင်ပါပြီ။ တစ်ကောင်ကြွက် တစ်မျက်နှာ ငြိမ်းအတွက် နားလည်မှုပေးနိုင်တဲ့မိသားစုလေး လိုချင်မိပါတယ်။ ငြိမ်းတစ်ခါလေးတော့ ကံကောင်းပါရစေ။ ခိုးပြေးပြီး၅ရက်မြောက်တွင် မောင့်မိဘအိမ်ကိုလိုက်သွားရပါပြီ။ ကိုယ်ကမှားသူမို့ မျက်နှာနိမ့်နိမ့်ထားရန်လည်း ငြိမ်းမမေ့ပါ။ မောင်နှင့်နှစ်ယောက်သား ထိုင်ခွင့်မပြုသေးသရွေ့ဒူးထောက်နေရင်း မောင့်မေမေကိုမဝံ့မရဲမော့ကြည့်မိသည်။ အရမ်းတော်သည့်ကျောင်းအုပ်ဆရာမကြီးဖြစ်ပြီ စာအသင်အပြကောင်းသလိုစည်းကမ်းကြီးသူဖြစ်သည် ။ငြိမ်းတို့မြို့တွင်မက တစ်ပြည်နယ်လုံးထိ သတင်းမွေးသူဖြစ်သည်။ ခုံပေါ်ထိုင်နေသည့် အမနှစ်ယောက်က သူတို့မောင်ကို လုသွားသူလို့မြင်နေလား မပြောတတ်ပါ။ စိမ်းစိမ်းသာစိုက်ကြည့်နေပါသည်။Continue reading “Mom in law_Part : 1”
Tag Archives: spanking
Mom in Law_Part : 3
“ဟယ် ဆရာမကြီးတို့ပါလား လာ လာ ” “ဒါလေးက ဘယ်သူလေးတုန်း တပည့်မလေးလား” “ငါ့ချွေးမလေး ” “ချစ်စရာလေးနော် အရမ်းလှတာပဲ ” “လာ ထိုင်နှင့်နော် စီစီတို့နဲ့အတူတူထားပေးခဲ့မယ် ” “အေးပါ သွားပါ ရတယ် တို့ကဧည့်သည်မဟုတ်ဘူး ” “ဟားးးးး မြင့်ရီ ဒီဟာလေးက ဘယ်သူလဲ ” “ချွေးမလေးပါ အငယ်ဆုံးသားထက်အောင်လေ” “သြ ထက်အောင်လား ” “ငယ်ငယ်လေးပဲ့ရှိသေးတာထင်တယ် ကျောင်းပြီးပြီလား ” “ဒုတိယနှစ်တက်နေတုန်းပါ အန်တီ” “ဘာ” “ဘယ်လိုဘယ်လို ” “ဒီအရွယ်လေးနဲ့ အိမ်ထောင်ပြုလိုက်ပြီလား” “ခုခေတ်ကလေးတွေများနော် မြန်လိုက်ကြတာ” “မမြန်ပါဘူး မစီရယ် ဒန့်ကြောပင်သားလွဲတဲ့ခေတ်ပြန်ရောက်တော့မှာလေ ခုခေတ်ကလေးတွေက တားမရတော့ဘူး” “ဟုတ်ပါ့ မိဘကိုလုပ်ကျွေးဖို့ မသိတတ်ကြတော့ဘူးအိမ်ထောင်ပြုတာက အရင်ဖြစ်နေကြပြီပညာတောင်မစုံသေးခင်” “ဒါက ဘာစကားပြောတာလဲစီစီContinue reading “Mom in Law_Part : 3”
