မှန်ထဲရှိ ပုံရိပ်ကိုကြည့်ရင် ဝတီ ပြောမပြတတ်သည့်ခံစားချက်မျိုးကိုရသည်။
ကိုယ်ယုံကြည်သည့် ချစ်သူ မင်းမင်း က
ကိုယ့်ကိုအန္တရာယ်ကောင်တွေလက်ထဲထည့်သည်။
ကိုယ်မုန်းတီးရသူ ကိုကို က အမြဲကာကွယ်ပေးခဲ့သည်။
ဘာအကြောင်းပြချက်ကြောင့်
မှန်းမသိခဲ့ပေမယ့် ခုဘဝတော့ သိအောင်ကြိုးစားသွားမည်။
အခုအချိန်က မင်းမင်းနှင့်ချစ်သူတွေဖြစ်နေကြပြီး ကိုကိုက အမြင်မကြည်နေတာဖြစ်သည်။
ညခဏခဏထွက်ပြေး၍ ဆိုင်ကယ်စီးခြင်း
Clubတက်ခြင်း တို့ကြောင့် လက်စွဲတော်ကြိမ်လုံးနှင့်ထိတွေ့ခဲ့ဖူးပြီးဖြစ်သည်။
ဆရာတစ်ယောက်ဖြစ်သော ကိုကိုသည်
ဝတီကိုထိန်းချုပ်ခြင်း ပိတ်လှောင်ခြင်း တို့ကြောင့် ဆရာအနေနဲ့စွက်ဖက်ခွင့်မရှိဟု
အာခံနေသောကာလ လည်းဖြစ်သည်။
“တောင်းပန်ပါတယ် ကိုကို
ဝတီအမှားတွေ ပြန်ပြင်ပါ့မယ် ”
မင်းမင်းနှင့်ဖြတ်လိုက်လို့လည်းမဖြစ်သေး
ဒီနောက်ကွယ်ကလူဘယ်သူတွေလဲဆိုတာ
သိရမှဖြစ်မှာမို့
ဆက်သရုပ်ဆောင်နေရဦးမည်သာ။
“ကျောင်းဆင်းရင် အတူပြန်မယ်”
“ဟုတ်ကဲ့ ကို အဲ ဆရာ ”
“အင်းးး”
ဦးရေခဲတုံးကြီး ။ ဦးစိတ်တိုကြီး ။
*ဂရုစိုက်ရင်ဂရုစိုက်တယ်ပေါ့
နည်းနည်းလေးနူးညံ့ပေးလို့မရဘူးလား ။*
ကျောင်းဆင်းချိန်
“လေးလေးတိုး ”
“ကလေးလေး ဒီနေ့ပြန်လိုက်မှာလား ”
“ဟုတ် ”
“အယ် ကောင်းတာပေါ့ သမီးကိုကိုက
ခဏနေရောက်မယ် တဲ့”
“ဟုတ် လေးတိုး ”
“အိမ်မှာထမင်းစားမှာလား ကလေးလေး
တီမွေး ကိုသမီးကြိုက်တာလေးတွေ
ပြင်ခိုင်းထားလိုက်မယ် ”
“မပြင်ခိုင်းပါနဲ့တော့ ရှိတာတွေနဲ့ပဲ့စားမယ် ”
“ဘယ်ဟုတ်မလဲ ကလေးလေးကအိမ်မှာမှသိပ်မစားဖြစ်တာ စားဖြစ်တဲ့နေ့လေးတော့
ကောင်းကောင်းလေးစားမှပေါ့
အစားပုံမှန်မစားရင်
အရပ်မရှည်ပဲနေလိမ့်မယ်”
“အာ လေးတိုးကလည်း
ဝတီကအရပ်မပုပါဘူးနော်
ချစ်ဖို့ကောင်းပြီးသား ”
“ဟားးးးးဟားးးးဟုတ်ပါပြီ ”
“တီမွေးတော့ပျော်နေမှာပဲ့
ဖုန်းသွားပြောလိုက်ဦးမယ်နော်”
“ဟုတ် လေးတိုး”
ဒီလူတွေ ဝတီကို သမီးရင်းနဲ့မခြား
ဂရုစိုက်ပေးတဲ့လူတွေ
ဒီလူတွေကိုလစ်လျှူရှုခဲ့တာလည်း
ဝတီကိုယ်တိုင်ပါပဲ့ ။
စော်ကားပြီးပြန်ပြောခဲ့တာတွေက
အကြိမ်ပေါင်းမရေမတွက်နိုင်အောင်။
*ဝတီကိုချစ်ပေးလို့ကျေးဇူးပါ
တီမွေးနဲ့လေးတိုး *
ဝတီမှာ မိဘမရှိဘူးဆိုရင်တောင်
ဝတီကိုချစ်ပြီးဂရုစိုက်ပေးတဲ့သူတွေကို
ပြန်ချစ်ပေးဖို့လောက်တော့
ဝတီလုပ်နိုင်မယ်ထင်ပါတယ်။
အိမ်အပြန်လမ်းတွေက
ဝတီပြောင်းလဲခြင်းနဲ့အတူ
လှပခြင်းများစွာဖြင့်သာ· · ·
ဆက်ရန်
Cupid’s Crystal
